ဝူဟန်ကကျောင်းသားတွေကို ၁၄ရက်ကြာစောင့်ကြည့်မယ့် အစီအစဥ်ကိုကြားသိပြီး မန္တလေးမြို့ရဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်လိုက်တဲ့ အလှူများ
••••••••••••••••••••••••••••••••••••••••••••••••••
စောင့်ကြည့်ကာလအတွင်း ကျောင်းသားတွေအဆင်ပြေစွာနေထိုင်နိုင်ဖို့ အစစ အရာရာထောင့်စေ့အောင် စီစဥ်ထားပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းလာသူတွေကို မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။
Myanmar Net က 50MB free wifi
MPT က ငွေဖြည့်ထားတဲ့ SIM card များ
Alpine သောက်ရေသန့်က လိုအပ်သမျှသောက်ရေသန့်များ
SP Bakery က မုန့် ၄မျိုးပါ အထုတ်ကြီး ၇၀ လိုအပ်ရင် ထပ်မံလှူဒါန်းမှာပါ
မြို့တော်ဘီစကစ်က အထုတ်၆၀ပါ ၁၇ဖာ လိုအပ်ရင်ထပ်မံ လှူဒါန်းမှာပါ
Premier Coffeemix က အထုတ် ၁၄၀၀ ထုတ် လိုအပ်ရင် ထပ်လှူမှာပါ
Pocari Sweat က အားဖြည့်အချိုရည် ၄၀၈ ပုလင်း
ဦးကာက ဒေါ်စိန် လက်ဖက်က လက်ဖက်သုပ်နဲ့ လက်ဖက်ခြောက်ဘူးများ လိုအပ်ရင် ထပ်လှူမှာပါ
မြန်မာ တရုတ်ချစ်ကြည်ရေးအသင်းက
စောင် ၆၅ထည်
ရေနွေးဓာတ်ဘူး တစ်ခန်းတစ်လုံး ၄၀ လုံး
ရေနွေးကြိုတဲ့ ဓာတ်ဘူးအကြီး ၅ခု
လက်ဆေးဆပ်ပြာရည် ၆၅ဘူး
Tissue ၆၅ထုတ်
မျက်နှာသုတ်ပုဝါ ၆၅ ထည်
အဖုံးပါ လက်ဖက်ရည်ကြွေခွက် ၆၅ခွက်
ထမင်းစားပန်းကန်ပြား ၆၅ချပ်
ဇွန်ခက်ရင်း ၆၅ စုံ
ကော်ဖီဖျော်ဇွန်း ၆၅ခု
အကြမ်းပုဂံလုံး ၆၅ လုံး
ဟင်းရည်သောက်ပန်းကန် ၆၅ လုံး
ရှမ်းရွှေတောင်က လက်ဖက် ၃၉ ဖာ
ဦးအောင်ကျော်ဦး ဒေါ်ဖြူဖြူလှိုင်မိသားစုက N95 mask 60 နဲ့ Surgical mask အခု ၁၀,၀၀ဝ
ဥက္ကာသီရိကုမ္ပဏီက US$ 405 တန်ဖိုးရှိ Antiviral spray များ
Sea Lion Company မှ ဒေါက်တာသာထက်အောင်က PPE လောလောဆယ် အစုံ၂၀နဲ့ ထပ်မံလိုအပ်သလောက်ဆက်လှူသွားပါမယ်။
Post တင်နေတုန်း ကြယ်စင်မင်းကုမ္ပဏီက နံနက် နေ့လည်နဲ့ ညစာ အတွက် ၁၄ရက်စာ ကုန်ကျမဲ့ ငွေကျပ် ၇၅သိန်းစလုံးလှူမယ်ပြောလို့ ၁၀သိန်းပဲလှူပါလို့ တောင်းပန်လိုက်ရပါတယ်။
မန္တလေးမြို့သူမြို့သားတွေရဲ့ စေတနာကတော့ ကျွန်တော်လက်မြှောက်ရပါတယ်။
အရေးကြီးဆုံးက အခုပြန်လာမယ့်ကျောင်းသားတွေကို ဝူဟန်မြို့လေဆိပ်မှာ မြန်မာဆရာဝန်တွေက စစ်ဆေးပြီး သံသယရှိသူတွေ့ရင် ဝူဟန်မှာပဲ ထားခဲ့မှာပါ။
လေယာဥ်စီးစဥ်ကာလ နဲ့ ဆေးရုံကိုကားနဲ့လာတဲ့ အချိန်တွေမှာ N95 masks တွေ တောက်လျှောက်တပ်ခိုင်းထားပြီး အစာစားတာ ခွင့်ပြုမှာမဟုတ်ပါဘူး။
ကန်တော်နဒီရောက်လာရင်လဲ မိမိအတွက်ချထားပေးတဲ့ အခန်းထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်းစကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။
အထူးသဖြစ် မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဥ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။
အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ ရေနွေး မနက် နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့်အစွန်ဆုံး အခန်းကို အလွတ်ထားပြီး စားပွဲတွေပေါ်တင်ပေးထားမှာပါ။
လာတင်မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲ bell တီးမှသာ လာရောက်ယူခွင့်ရှိမှာပါ။
Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန်ရှောင်ရန်ညွှန်ကြားချက်များကို လာကြိုတဲ့ ကားပေါ်မတက်ခင်ဖြန့်ဝေမှာဖြစ်သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။
ကျောင်းသားတွေကိုနှုတ်နဲ့ရှင်းပြရင် exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်ကြေညာလိုက်ပြီ ဖြစ်လို့ ကျန်းမာရေးဌာနက ဖြန့်ဝေထားတဲ့ ပညာပေးချက်များကိုပါ ထပ်မံဖော်ပြလိုက်ပါတယ်။
စည်ပင်က ကျန်းမာရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် မြို့တော်အတွက် တိုင်းပြည်အတွက် အရေးကြီးရင် သွေးနီးရမှာ
ဖြစ်လို့ မြို့တော်စည်ပင်က လိုအပ်တာမှန်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ။




No comments:
Post a Comment