Thursday, January 30, 2020

မြိတ်တွင် မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်ထားတဲ့ထိုင်းနိုင်ငံသူမှမြန်မာနိုင်ငံသားအားတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထား

28.1.2020

မြိတ်တွင် မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်သူမှမြန်မာနိုင်ငံသားတစ်ဦးကို မြိတ်မြို့နယ်တရားရုံးမှာတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။

မြိတ်မြို့မှဦးအောင်မိုးဇော်ဆိုသူအား ထိုင်းနိုင်ငံသူ Ajjima Rainchana ထိုင်းနိုင်ငံသား မှတ်ပုံတင်အမှတ် 3-850100207-64-0 ကိုင်ဆောင်သူကမြိတ်မြို့နယ်တရားရုံးမှာအမှုဖွင့်ထားတဲ့ အတွက်ဦးအောင်မိုးဇော်မှာ ၂ လကျော်ကြာထောင်ချခံထားရပြီးဇန်နဝါရီလ ၂၇ ရက်နေ့ကလည်းရုံးချိန်း စစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။

ဒေါ်အေးအေး ဟုအမည်ခံထားတဲ့ ထိုင်းနိုင်ငံသူဟာ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ 53/3 Village No.3, Bang Rin Subdistrict, Mueang Ranong District ,Ranong  Province တွင်နေထိုင်ပြီးထိုင်းမှတ်ပုံတင်အပြင် ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့နယ်ခွဲ လ၀က မှထုတ်ပေးထားတဲ့မှတ်ပုံတင်ကိုလည်းကိုင်ဆောင်ထားကြောင်းသိရပါတယ်။

ကော့သောင်းမြို့၊အေးရိပ် ငြိမ်ရပ်ကွက်မှာအိမ်ထောင်စုတစ်ခုပြုလုပ်ပြီး မှတ်ပုံတင်ထုတ်ထားခဲ့တယ်လို့သိရပါတယ်။ လ၀က ၀န်ကြီးဦးကျော်မင်းမှအဆိုပါဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပြီးပြန်လည်တင်ပြခိုင်းခဲ့ရာဖြစ်စဉ်ကိုသိရှိပြီးဖြစ်ကြောင်းကိုယ်တိုင်ကွင်းဆင်းကာထပ်မံစုံစမ်းပြီးစစ်ဆေးမယ်လို့ပြောပါတယ်။ တစ်ကယ်လို့မှတ်ပုံတင် နှစ်ခုကိုင်ဆောင်ထားသူဖြစ်ပါက ထောင်ဒဏ် ၇ နှစ်မှ ၁၀ အထိကျခံရနိုင်သလို မှတ်ပုံတင်ထုတ်ပေးတဲ့၀န်ထမ်းများလည်းအရေးယူခံရနိုင်လို့သိရပါတယ်။

""ထိုင်းနိုင်ငံသူအနေဖြင့် မြိတ်မြို့နယ်တရားရုံးမှာ တစ်လင်တစ်မယားဥပဒေနဲ့တရားစွဲမှုလာလုပ်ထားသလိုထား၀ယ်မြို့မှာလည်း ငွေကြေးရလိုမှုနဲ့ ထပ်မံတရားစွဲထားသေးတယ်လို့သိရပါတယ်၊ တစ်လင်တစ်မယားဥပဒေမပေါ်ပေါက်သေးခင် ၂၀၀၇ ခုနှစ်ကတည်းကိုအောင်မိုးဇော်နှင့်ကျွန်မ တရားဝင်အိမ်ထောင်ကျခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့တယ်။  အခုကထိုင်းနိုင်ငံသူကတစ်လင်တစ်မယားဥပေဒေနဲ့လာပြီးတရားစွဲထားမှုဟာ ထိုင်းနိုင်ငံသူက မဟုတ်မမှန်လုပ်ဇာတ်ခင်းပြီး ကျွန်မ အမျိုးသားကို တရားစွဲဆိုတယ်၊ 
ဒီတရားစွဲဆိုမှုကို တာ၀န်ရှိသူများက အမှုမှန်ကိုဖော်ထုတ်ပေးစေလို​တယ်""လို့  ဇနီးဖြစ်သူဒေါ်စန္ဒာအေးက ပြောပါတယ်။

မှတ်ပုံ တင်အတုကိုင်ဆောင်ထားမှုနှင့်အမှုမှန်ပေါ်ပေါက်ရေးအတွက် နေပြည်တော်ရှိပြည်ထဲရေး၊ စစစ၊ ရဲချုပ်၊လ၀က နှင့်သတင်းရဲတပ်ဖွဲ့တို့ထံတိုင်ကြားထားပြီးဖြစ်ကြောင်းဒေါ်စန္ဒာအေးကဆိုပါတယ်။
 ဇန်နဝါရီလ ၂၇ ရက်နေ့ရုံးချိန်းတွင်ထိုင်းအမျိုးသမီးလာရောက်ခဲ့ပြီး အဆိုပါအမျိုးသမီးမှာကော့သောင်းမြို့ရှိနယ်စပ်ဂိတ်ကိုမဖြတ်ပဲ ဆိပ်ဖူးကျေးရွာမှ၀င်ရောက်လာခြင်းဖြစ်ကြောင်းသတင်းများအရ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

No comments:

Post a Comment