Friday, February 28, 2020

နိုင်ငံခြားသားအချို့ မြန်မာမိန်းကလေးများကို အဓိကပစ်မှတ်ထား လိမ်လည်မှုများကျူးလွန်နေ

မနေ့တည်းက တင်မယ် ဆိုပြီး ရည်ရွယ်ထားတဲ့ ပိပိရိရိလာလိမ်တဲ့ကိစ္စလေး အခုမှအားလို့တင်ပါပြီရှင့်။

လွန်ခဲ့တဲ့ တနလာင်္န့ မနက်8နာရီခွဲလောက်က စပယ့်ကို နိုင်ငံခြားသားတစ်ယောက်လာ Addတယ်။

မင်နရယ်fri မရှိပေမယ့် သူ့profileကယူနီဖောင်းနဲ့ဆိုတော့ လက်ခံဖြစ်လိုက်ပါတယ်ရှင့်။


ခဏကြာတော့ သူ့ဘက်ကမိတ်ဆက်လာပါတယ်။

သူ ကလန်ဒန်မှာနေကြောင်း သူ့အမေရဲ့မိခင်ကမြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သူ့အကြောင်းတွေပြောပြလာပါတယ်။



မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေနဲ့ထုံးလမ်းစဉ်လာတွေနှစ်ခြိုက်ကြောင်း မြန်မာနိုင်ငံရဲ့နေရာတော်တော်များများကို လည်ပတ်ရတာ သဘောကြကြောင်းတွေပြောပြလာပါတယ်။

ပထမအပိုင်းကတော့ သူ ့ဘာသာစကားနဲ့ပဲသူပြောနေတာပါ။

နောက်ပိုင်းကြတော့ သူက လေယာဉ်မှူးအလုပ်လုပ်ကြောင်း နောက်နှစ်လနေရင် ခွင့်နှစ်ပတ်ရလို့မြန်မာနိုင်ငံလာလည်ချင်ကြောင်းတွေပါထပ်ပြောလာပါတယ်။









တဖြည်းဖြည်းနဲ့မိတ်ဆက်ကြရင်း သူက စပယ့်ကိုမြင်မြင်ခြင်းသဘောကြကြောင်း မြန်မာနိုင်ငံကိုလာရင် တစ်ခါတည်း မိဘတွေဆီကိုလာပြောပြီးလက်ထပ်ချင်ပါတယ်လို့အထိပြောလာတော့ စပယ်က ကိုယ့်အကြောင်းသူ့အကြောင်း မသိကြပဲ မဖြစ်နိုင်ဘူးပေါ့ ။

အချစ်ဆိုတာလည်း အာ့လောက်မလွယ်ပါဘူးပေါ့။

ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးပဲ ယုံကြည်ဖို့ကအရမ်းခက်ခဲပါတယ်ပေါ့ဆိုတော့ သူ့ဘက်က v callခေါ်လာပါတယ်။

သူအပြင်သွားနေတဲ့ပုံစံနဲ့ပါ။

ပြီးတော့ သူ့v callခေါ်တဲ့ ရုပ်ကလည်း profileမှာတင်ထားတဲ့ ဓာတ်ပုံနဲ့ထပ်တူပါပဲရှင့်။

နောက်ရက်တွေလည်း သူ v callခေါ်ရင် အပြင်သွားတဲ့ပုံစံနဲ့ပဲ။

နောက်ရက်တွေ သူ အဖြေလာတောင်းတော့ စပယ်ကအပြင်မှာမတွေဖူးတော့ မယုံနိုင်သေးဘူးလို့တော့ပြန်ပြောမိတယ်။

ဒီလိုနဲ့အင်္ဂါနေ့25ရက်နေ့ညနေကြတော့ သူက မင်းယုံကြည်အောင်သက်သေပြမယ်။ မင်းနဲ့မြန်မာပြည်လာပြီးလက်ထပ်ချင်တယ် တစ်ဘဝလုံးသစ္စာရှိရှိနဲ့ မင်းကိုစောင့်ရှောက်ပေးချင်တယ်လို့ထပ်ပြောတယ်။

သူ့လစာက လေယာဉ်မှူးဆိုတော့ တစ်လ ဒေါ်လာ 21000ရတယ်လို့ပြောပြီး စပယ့်လစာဘယ်လောက်ရလဲဆိုတာပါမေးလာတယ်။

စပယ်ကတော့ အမှန်အတိုင်း မြန်မာငွေနဲ့ဆိုသုံးသိန်းကျော်၊မင်းတို့ဒေါ်လာနဲ့ဆို နှစ်ရာကျော်လောက်ပဲရတာလို့ ငါတို့ကအရမ်းဆင်းရဲတာလို့ပါပြောပြခဲ့တယ်။

အဲ့ဒီအချိန်မှာသူက မင်းဘဝကိုပြောင်းလဲပေးချင်ကြောင်း၊ အရမ်းအံသြပြီးပျော်ရွင်သွားအောင်လုပ်ပေးချင်ကြောင်းပါပြောပြီး၊ စပယ့်ကိုလက်ဆောင်ပေးမယ် စပယ်ယုံကြည်လက်ခံနိုင်အောင်ကြိုးစားမယ်ဆိုပြီး စပယ့်ကိုလက်ဆောင်ပေးမယ့်ပုံစံတွေကို v callခေါ်ပြီးပြပါတယ်။

သူ shopping ထွက်နေတဲ့ ပုံစံမျိုး videoတွေလည်း စပယ့်ကိုပို့ပေးပါတယ်။

ပြီးတော့ ဝယ်ပြီးတဲ့ လက်ဆောင် တွေကိုလည်း ဓာတ်ပုံရိုက်ပို့ပေးပာတယ်။

သူ့ဓာတ်ပုံတွေထဲမှာတော့ အိုင်ဖုန်းတစ်လုံးရယ်၊ လက်ကိုင်အိတ်နှစ်လုံးရယ် ဆွဲကြိုးလေးတစ်ကုံးရယ် ၊ ကျောက်စိမ်း1setရယ် ၊မိန်းမလက်ပတ်နာရီတစ်လုံးရယ်ဓာတ်ပုံရိုက်ပြီး ပို့ပေးလာပါတယ်။

ပြီးတော့ မင်းဒီ့ထပ် သက်တောင့်သက်သာနေနိုင်အောင် ငါဒေါ်လာတစ်သောင်းခွဲပါထည့်ပေးလိုက်မယ်ဆိုပြီး သူ ပစ္စည်းတွေထည့်ပြီး ပါဆယ်ထုတ်ပြီး Delivery ကုမ္မဏီအပ်ဖို့တွေလုပ်နေသလိုပုံစံတွေလုပ်ပါပါတယ်။
စပယ့်ဆီကလည်း နာမည်အရင်း၊ ဖုန်းနံပါတ် ၊ အိမ်လိပ်စာတွေတောင်းလာပါတယ်။

စပယ်က နာမည်အရင်းနဲ့ဖုန်းနံပါတ်အမှန်တော့ပေးလိုက်ပါတယ်။

လိပ်စာကတော့ အလွဲပါ။

သူက Delivery သွားအပ်ပြီးဖြစ်ကြောင်း အာ့ကုမ္မဏီက မန်နေဂျာနဲ့စကားပြောနေတဲ့ပုံပါပို့လာတာပါ။
ပြီးတော့ Delivery ပို့မယ့်ပစ္စည်းကို ချိန်တွယ်နေတဲ့ပုံစံပုံတေ၊ပြီးတော့စပယ့်နာမည်နဲ့ထွက်လာတဲ့ပြေစာပါစပယ့်ကိုပို့ပေးပါတယ်။

အာ့ဒီအချိန်မှာ စပယ့်စိတ်အခြေအနေက အရမ်းကိုအံသြပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါပြီ။










တစ်ဖက်မှာလည်း သူကအတိအကျကြီးလုပ်ပြနေသလိုစပယ့်စိတ်ထဲမှာလည်း ဒီပစ္စည်းတွေသာ တကယ် ရခဲ့ရင် သူထည့်ပေးလိုက်တဲ့ဒေါ်လာတစ်သောင်းခွဲနဲ့ဆို သိန်းရာချီတန်နေပြီလေ ဆိုပြီး စိတ်လှူပ်ရှားတာရော မယုံကြည်နိုင်တာရော တစ်ခုခုများပြန်ပေးဆပ်ခိုင်းမလားဆိုပြီး ကြောက်တာရော ခံစားချက်တွေရောထွေးပြီး တကယ်ကိုလူက တုန်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေပါပြီ။

စပယ် အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ဒီနိုင်ငံခြားသားက လိမ်နေတာလား တကယ်ပြောနေတာလားသိရအောင် စပယ့်ရဲ့ဆုံးဖြတ်ချက်နဲ့မလုံလောက်နိုင်တော့လို့ cbကနေ စပယ်ခင်ရတဲ့အစ်ကိုတွေ အစ်မတွေကို အကူအညီတောင်းခဲ့ပါတယ်။ စပယ်ကြိတ်မလုပ်ခဲ့ပါဘူး ။

အစ်မတွေကတော့ စပယ်ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ပါဆယ်ရောက်လာမယ့်နေ့ကို စောင့်ကြည့်ဖို့အကြံပေးခဲ့ပါတယ်။သတိထားဖို့ လည်း ထပ်သတိပေးခဲ့ပါတယ်။မမမြတ်စုနဲ့ မမshin shinကျေးဇူးပါ။

အစ်ကိုတွေကတော့ သေချာပေါက်လိမ်တာလို့ပြောခဲ့ပါတယ်။
ကိုကြီး နေလင်းထွန်း၊ ကိုကြီးဝင်းမြင့်အောင်အထူးကျေးဇူးပါရှင်။

ကိုကြီးနေလင်းထွန်းကဆို နိုင်ငံခြားသားတွေ လိမ်တတ်တဲ့ videoဖိုင်တွေနဲ့ ဓာတ်ပုံတွေပါရှာပေးခဲ့တာပါ။ စပယ်ဘာမှမပါသွားတာသူတို့တွေကျေးဇူးကြောင့်ပါရှင်။

နိုင်ငံခြားသားလိမ်တာကိုဆက်ပြောပါ့မယ်နော်။

သူ စပယ့်ကို လက်ဆောင်ပစ္စည်းတွေ Deliveryကုမ္မဏီ အပ်ပြီးကြောင်း ၊ညနေထွက်မယ့်လေယာဉ်နဲ့ပါလာမည်ဖြစ်ကြောင်း။ မနက်ဖြန်လေယာဉ်ဆိုက်လျှင် သူအပ်ထားတဲ့ Deliveryကုမ္မဏီမှ သွားရွေးလာပြီး စပယ့်ဆီအရောက်ပို့ပေးမည်ဖြစ်ကြောင်းသူပြောခဲ့ပါတယ်။

စပယ်က သူတို့လာပို့ပေးရင် ငါပိုက်ဆံပေးရဦးမှာလားဆိုတော့

သူက ဒေါ်လာ500ပေးရမည်ဟုပြန်ပြောခဲ့တယ်။

စပယ်က ငါ့မှာ သူတို့လာပို့ပေးရင် ပေးဖို့ဒေါ်လာ500ပေးဖို့မရှိဘူးပြောတော့ သူက စိတ်မပူပါနဲ့ ငါပါဆယ်ပို့လိုက်တဲ့ထဲကယူပေးလိုက်လေ အာ့ထဲမှာငါ ဒေါ်လာ1သောင်းခွဲထည့်ပေးထားတယ်ဟုပြန်ပြောခဲ့တယ် ဗုဒ္ဓဟူးညအထိ သူ ဒီလိုချည်းပြောခဲ့တာပါရှင့်။မနက်ဖြန် လေယာဉ်ဆက်ရင် Deliveryလာပို့ပေးရင် သူ့ကိုအသိပေးဖို့ ထပ်ပြောပြီး သူ လိုင်းဆင်းသွားခဲ့တာပါ။

အာ့လိုနဲ့ ကြာသာပတေးနေ့မနက် 8နာရီကျော်တော့ သူပြောတဲ့Deliveryကုမဏီက ဖုန်းဆက်လာတယ် တယ်လီနောနံပါတ်နဲ့ပါ။

ဟဲလိုမစံပယ်သင်းလားအစ်မကို လန်ဒန် လစ်ဗာပူးမြို့ကနေ ပို့ထားတဲ့ ပါဆယ်ပါတဲ့လေယာဉ်ဆိုက်ပါပြီရှင့် စပယ်ပေးထားတဲ့လိပ်စာ အတိုင်းပို့ပေးရမှာလားလို့မေးလာပါတယ်။

စပယ်ကလည်း ဟုတ်တယ်ညီမလေး ပို့ပေးလေဆိုတော့

အာ့ဆို အစ်မပါဆယ်ကို တင်ဆောင်လာတဲ့ ဝန်ဆောင်ခတွေကို ကျွန်မတို့ကရှင်းပြီးမှပါဆယ်ရွေးရမှာဆိုတော့ အစ်မတို့က ဒေါ်လာ550ကြိုသွင်းပေးပါရှင်တဲ့

အာ့ဒီကတည်းက စလွဲတာနော် တစ်လျှောက်လုံးက နိုင်ငံခြားသားက သူပို့ပေးလိုက်တဲ့ဒေါ်လာတစ်သောင်းခွဲတည်းကပဲထုတ်ရှင်းခိုင်းတာ။

စပယ်ကလည်း ဖုန်းဆက်တဲ့အစ်မကို

အစ်မခုရမယ့်ပါဆယ်က အစ်မကို လက်ဆောင်ပေးတာ ဝန်တောင်ခတွေကိုလည်း ဟိုဘက်ကုမဏီက ဝန်ဆောင်ခကိုသူရှင်းပြီးတင်ပေးလိုက်တာ။ ဒီဘက်က ဝန်ဆောင်ခကိုလည်း အစ်မက ပါဆယ်လာပို့မှပစ္စည်းစစ်ပြီးပေးမှာလေ လို့ပြောလိုက်တော့သူက အစ်မကြိုသွင်းပေးမှပစ္စည်းထုတ်လို့ရမှာလို့ပြန်ပြောပါတယ်။

စပယ်က ပိုက်ဆံကြိုရှင်းပေးမှ ရမှာဆို အစ်မမယူတော့ဘူး ။ဆိုပြီးဖုန်းချလိုက်ပါတယ်။

ဒီလိုလွဲနေတာကို နိုင်ငံခြားသားကို အသိပေးဖို့လိုင်းဖွင့်တော့သူလည်းရှိနေတာနဲ့စပယ်အကုန်ပြောပြလိုက်တော့

သူက မနေ့ကလို ပါဆယ် ထုတ်ထဲက ယူပေးဖို့မပြောတော့ပဲ ဒေါ်လာ550ကြိုရှင်းပေးဖို့ တိုက်တွန်းပါတယ် မရှိလဲ ချေးငှါးပြီးရွေးပေးပါလို့အတင်းအကျပ်တွေပြောတော့ စပယ်လည်း နင်ကလူလိမ်ပဲ Delivery ဆိုပြီးဆက်တဲ့ ကောင်မလေးနဲ့ပေါင်းပြီး ငါ့ဆီက 550လိမ်နေတာလား မေးတော့ စပယ့်ကိုunသွားပါတယ် နောက်ဆုံးချိန်ထိတော့ သူမလိမ်ဘူး ဆိုပြီး ညာပြောသွားတာပါ။ မနေ့ကညအထိ v callခေါ်ပြီး ပါဆယ်ရွေးဖို့တိုက်တွန်းနေတုန်းပါ။

စပယ်က သူလိမ်နေမှန်း သိတာတောင် ဘာလို့မblockတာလဲဆိုတောစပယ့်Acc က officialဆိုတော့ သူ့အကြောင်း postတင်လားမတင်လား စောင့်ကြည့်နေတယ်လို့ထင်ပါတယ်။

Delivery ကုမ္မဏီဆိုပြီးဆက်တဲ့အစ်မကို သူတို့ကုမ္မဏီရဲ့တည်နေရာ ကိုမေးတော့လည်း နေပြည်တော်လယ်ဝေးဆိုပြီးပြောတော့ စပယ်က အစ်မတို့Deliveryက ရန်ကုန်လို အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့ အချက်အချာကျတဲ့နေရာမှာမဖွင့်တာလဲမေးမိတော့ စပယ့်ကိုခေတ်နောက်ပြန်ဆွဲတဲ့အတွေးအခေါ်ရှိတယ်ရှိတဲ့လူ နင့်ဆီကရမှထမင်းစားရမှာ မဟုတ်ဘူး ဘာညာဆိုပြီးဆဲပါတယ်။ စပယ်က အစ်မနိုင်ငံခြားသားနဲ့ပေါင်းပြီး လိမ်စားနေတာလားလို့စပယ့်ကိုလာဆဲတာလား အာ့ဆိုရင် နောက်လူတွေမခံရအောင် ဆိုက်ဘာရဲနဲ့တိုင်မည် postတင်မည်ဆိုနော့ သူ့ဘက်ကဆဲဆိုပြီး ဖုန်းအရင်ချသွားပါတယ်ရှင့် ။ ခု စပယ့်သူငယ်ချင်းတွေဆက်ကြည့်တော့ စက်ပါပိတ်သွားပါတယ်ရှင့်။

စပယ်ခုလိုစာ အရှည်ကြီးရေးပြတာဟာ စပယ်လိုများ ယုတ္တိရှိရှိအလိမ်ခံရရင် ရှောင်နိုင်ဖို့ပါ။

သိန်းရာချီဆိုတော့ မက်လောက်စရာလည်း ဖြစ်နေတာမို့ သတိလက်လွတ် ငွေကြိုလွဲမိပြီးအလိမ်ခံရတာမျိုးဖြစ်နိုင်တာမို့ရှောင်ရှားနိုင်စေရန် ရေးပါသည် အစ်မတို ညီမတို့ရေ လူလိမ်ဆိုတာ စာတန်းကပ်မထားနိုင်တာမို့ သတိပြုနိုင်ပါစေနော်။

Tuesday, February 4, 2020

မန်းလေးတွင် ဗကသ ကျောင်းသူတစ်ဦးက ဆရားမကိုကျောင်းထဲကနင်ထုတ်ပြီး ကျောင်းကိုသိမ်းပိုက်မည်ဟုဆို

ပညာရေး စံနစ်ကို အလိုမကျမှု​​တွေ​ဖြစ်နေတဲ့
ဗကသ ကျောင်းသားများဟာ ကျောင်းတွေအထဲထိ ဝင်ရောက် ဆန္ဒ ပြနေကြတာဖြစ်ပါတယ်
ကျောင်းသာတစ်ဦးဟာဆိိုရင် ကျောင်းဆရာမကို ကျောင်းအတွင်းမှ နင်းထုတ်ပြီး ရင့်သီးစွာပြောဆိုးခဲ့မှုကြောင့် လူမှုကွန်ယက်အသုံးပြုသူများကြာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်
ဗီဒီယို ကြည့်ရန်https://youtu.be/r_BNSOI9ygs
https://youtu.be/r_BNSOI9ygs

Friday, January 31, 2020

ဝူဟန် မှာ ပိတ်မိနေတဲ့ ကျောင်းသားတွေ ပြန်ခေါ် ရေး မန်းလေး အစိုးရစီမံမှု အများပြည်သူအားရ

ဝူဟန်ကကျောင်းသားတွေကို ၁၄ရက်ကြာစောင့်ကြည့်မယ့် အစီအစဥ်ကိုကြားသိပြီး မန္တလေးမြို့ရဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်လိုက်တဲ့ အလှူများ
••••••••••••••••••••••••••••••••••••••••••••••••••
စောင့်ကြည့်ကာလအတွင်း ကျောင်းသားတွေအဆင်ပြေစွာနေထိုင်နိုင်ဖို့ အစစ အရာရာထောင့်စေ့အောင် စီစဥ်ထားပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းလာသူတွေကို မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။

Myanmar Net က 50MB free wifi

MPT က ငွေဖြည့်ထားတဲ့ SIM card များ

Alpine သောက်ရေသန့်က လိုအပ်သမျှသောက်ရေသန့်များ

SP Bakery က မုန့် ၄မျိုးပါ အထုတ်ကြီး ၇၀ လိုအပ်ရင် ထပ်မံလှူဒါန်းမှာပါ

မြို့တော်ဘီစကစ်က အထုတ်၆၀ပါ ၁၇ဖာ လိုအပ်ရင်ထပ်မံ လှူဒါန်းမှာပါ

Premier Coffeemix က အထုတ် ၁၄၀၀ ထုတ် လိုအပ်ရင် ထပ်လှူမှာပါ

Pocari Sweat က အားဖြည့်အချိုရည် ၄၀၈ ပုလင်း

ဦးကာက ဒေါ်စိန် လက်ဖက်က လက်ဖက်သုပ်နဲ့ လက်ဖက်ခြောက်ဘူးများ လိုအပ်ရင် ထပ်လှူမှာပါ

မြန်မာ တရုတ်ချစ်ကြည်ရေးအသင်းက
စောင် ၆၅ထည်
ရေနွေးဓာတ်ဘူး တစ်ခန်းတစ်လုံး ၄၀ လုံး
ရေနွေးကြိုတဲ့ ဓာတ်ဘူးအကြီး ၅ခု
လက်ဆေးဆပ်ပြာရည် ၆၅ဘူး
Tissue ၆၅ထုတ်
မျက်နှာသုတ်ပုဝါ ၆၅ ထည်
အဖုံးပါ လက်ဖက်ရည်ကြွေခွက် ၆၅ခွက်
ထမင်းစားပန်းကန်ပြား ၆၅ချပ်
ဇွန်ခက်ရင်း ၆၅ စုံ
ကော်ဖီဖျော်ဇွန်း ၆၅ခု
အကြမ်းပုဂံလုံး ၆၅ လုံး
ဟင်းရည်သောက်ပန်းကန် ၆၅ လုံး

ရှမ်းရွှေတောင်က လက်ဖက် ၃၉ ဖာ

ဦးအောင်ကျော်ဦး ဒေါ်ဖြူဖြူလှိုင်မိသားစုက N95 mask 60 နဲ့ Surgical mask အခု ၁၀,၀၀ဝ

ဥက္ကာသီရိကုမ္ပဏီက US$ 405 တန်ဖိုးရှိ Antiviral spray များ

Sea Lion Company မှ ဒေါက်တာသာထက်အောင်က PPE လောလောဆယ် အစုံ၂၀နဲ့ ထပ်မံလိုအပ်သလောက်ဆက်လှူသွားပါမယ်။

Post တင်နေတုန်း ကြယ်စင်မင်းကုမ္ပဏီက နံနက် နေ့လည်နဲ့ ညစာ အတွက် ၁၄ရက်စာ ကုန်ကျမဲ့ ငွေကျပ် ၇၅သိန်းစလုံးလှူမယ်ပြောလို့ ၁၀သိန်းပဲလှူပါလို့ တောင်းပန်လိုက်ရပါတယ်။

မန္တလေးမြို့သူမြို့သားတွေရဲ့ စေတနာကတော့ ကျွန်တော်လက်မြှောက်ရပါတယ်။

အရေးကြီးဆုံးက အခုပြန်လာမယ့်ကျောင်းသားတွေကို ဝူဟန်မြို့လေဆိပ်မှာ မြန်မာဆရာဝန်တွေက စစ်ဆေးပြီး သံသယရှိသူတွေ့ရင် ဝူဟန်မှာပဲ ထားခဲ့မှာပါ။

လေယာဥ်စီးစဥ်ကာလ နဲ့ ဆေးရုံကိုကားနဲ့လာတဲ့ အချိန်တွေမှာ N95 masks တွေ တောက်လျှောက်တပ်ခိုင်းထားပြီး အစာစားတာ ခွင့်ပြုမှာမဟုတ်ပါဘူး။

ကန်တော်နဒီရောက်လာရင်လဲ မိမိအတွက်ချထားပေးတဲ့ အခန်းထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်းစကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။

အထူးသဖြစ် မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဥ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။

အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ ရေနွေး မနက် နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့်အစွန်ဆုံး အခန်းကို အလွတ်ထားပြီး စားပွဲတွေပေါ်တင်ပေးထားမှာပါ။

လာတင်မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲ bell တီးမှသာ လာရောက်ယူခွင့်ရှိမှာပါ။

Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန်ရှောင်ရန်ညွှန်ကြားချက်များကို လာကြိုတဲ့ ကားပေါ်မတက်ခင်ဖြန့်ဝေမှာဖြစ်သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။

ကျောင်းသားတွေကိုနှုတ်နဲ့ရှင်းပြရင် exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်ကြေညာလိုက်ပြီ ဖြစ်လို့ ကျန်းမာရေးဌာနက ဖြန့်ဝေထားတဲ့ ပညာပေးချက်များကိုပါ ထပ်မံဖော်ပြလိုက်ပါတယ်။

စည်ပင်က ကျန်းမာရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် မြို့တော်အတွက် တိုင်းပြည်အတွက် အရေးကြီးရင် သွေးနီးရမှာ
ဖြစ်လို့ မြို့တော်စည်ပင်က လိုအပ်တာမှန်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ။


Thursday, January 30, 2020

မြိတ်တွင် မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်ထားတဲ့ထိုင်းနိုင်ငံသူမှမြန်မာနိုင်ငံသားအားတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထား

28.1.2020

မြိတ်တွင် မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်သူမှမြန်မာနိုင်ငံသားတစ်ဦးကို မြိတ်မြို့နယ်တရားရုံးမှာတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။

မြိတ်မြို့မှဦးအောင်မိုးဇော်ဆိုသူအား ထိုင်းနိုင်ငံသူ Ajjima Rainchana ထိုင်းနိုင်ငံသား မှတ်ပုံတင်အမှတ် 3-850100207-64-0 ကိုင်ဆောင်သူကမြိတ်မြို့နယ်တရားရုံးမှာအမှုဖွင့်ထားတဲ့ အတွက်ဦးအောင်မိုးဇော်မှာ ၂ လကျော်ကြာထောင်ချခံထားရပြီးဇန်နဝါရီလ ၂၇ ရက်နေ့ကလည်းရုံးချိန်း စစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။

ဒေါ်အေးအေး ဟုအမည်ခံထားတဲ့ ထိုင်းနိုင်ငံသူဟာ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ 53/3 Village No.3, Bang Rin Subdistrict, Mueang Ranong District ,Ranong  Province တွင်နေထိုင်ပြီးထိုင်းမှတ်ပုံတင်အပြင် ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့နယ်ခွဲ လ၀က မှထုတ်ပေးထားတဲ့မှတ်ပုံတင်ကိုလည်းကိုင်ဆောင်ထားကြောင်းသိရပါတယ်။

ကော့သောင်းမြို့၊အေးရိပ် ငြိမ်ရပ်ကွက်မှာအိမ်ထောင်စုတစ်ခုပြုလုပ်ပြီး မှတ်ပုံတင်ထုတ်ထားခဲ့တယ်လို့သိရပါတယ်။ လ၀က ၀န်ကြီးဦးကျော်မင်းမှအဆိုပါဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပြီးပြန်လည်တင်ပြခိုင်းခဲ့ရာဖြစ်စဉ်ကိုသိရှိပြီးဖြစ်ကြောင်းကိုယ်တိုင်ကွင်းဆင်းကာထပ်မံစုံစမ်းပြီးစစ်ဆေးမယ်လို့ပြောပါတယ်။ တစ်ကယ်လို့မှတ်ပုံတင် နှစ်ခုကိုင်ဆောင်ထားသူဖြစ်ပါက ထောင်ဒဏ် ၇ နှစ်မှ ၁၀ အထိကျခံရနိုင်သလို မှတ်ပုံတင်ထုတ်ပေးတဲ့၀န်ထမ်းများလည်းအရေးယူခံရနိုင်လို့သိရပါတယ်။

""ထိုင်းနိုင်ငံသူအနေဖြင့် မြိတ်မြို့နယ်တရားရုံးမှာ တစ်လင်တစ်မယားဥပဒေနဲ့တရားစွဲမှုလာလုပ်ထားသလိုထား၀ယ်မြို့မှာလည်း ငွေကြေးရလိုမှုနဲ့ ထပ်မံတရားစွဲထားသေးတယ်လို့သိရပါတယ်၊ တစ်လင်တစ်မယားဥပဒေမပေါ်ပေါက်သေးခင် ၂၀၀၇ ခုနှစ်ကတည်းကိုအောင်မိုးဇော်နှင့်ကျွန်မ တရားဝင်အိမ်ထောင်ကျခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့တယ်။  အခုကထိုင်းနိုင်ငံသူကတစ်လင်တစ်မယားဥပေဒေနဲ့လာပြီးတရားစွဲထားမှုဟာ ထိုင်းနိုင်ငံသူက မဟုတ်မမှန်လုပ်ဇာတ်ခင်းပြီး ကျွန်မ အမျိုးသားကို တရားစွဲဆိုတယ်၊ 
ဒီတရားစွဲဆိုမှုကို တာ၀န်ရှိသူများက အမှုမှန်ကိုဖော်ထုတ်ပေးစေလို​တယ်""လို့  ဇနီးဖြစ်သူဒေါ်စန္ဒာအေးက ပြောပါတယ်။

မှတ်ပုံ တင်အတုကိုင်ဆောင်ထားမှုနှင့်အမှုမှန်ပေါ်ပေါက်ရေးအတွက် နေပြည်တော်ရှိပြည်ထဲရေး၊ စစစ၊ ရဲချုပ်၊လ၀က နှင့်သတင်းရဲတပ်ဖွဲ့တို့ထံတိုင်ကြားထားပြီးဖြစ်ကြောင်းဒေါ်စန္ဒာအေးကဆိုပါတယ်။
 ဇန်နဝါရီလ ၂၇ ရက်နေ့ရုံးချိန်းတွင်ထိုင်းအမျိုးသမီးလာရောက်ခဲ့ပြီး အဆိုပါအမျိုးသမီးမှာကော့သောင်းမြို့ရှိနယ်စပ်ဂိတ်ကိုမဖြတ်ပဲ ဆိပ်ဖူးကျေးရွာမှ၀င်ရောက်လာခြင်းဖြစ်ကြောင်းသတင်းများအရ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Tuesday, January 28, 2020

ဒေါ် စု မိန့်ခွန်းပြောနေစဥ်း ဆန္ဒ ပြရာပါဝင်သည့်ကျောင်းသားတစ်ဦး facebook ပေါ် post က ဆဲဆိူ

ပြည်သူအများကတော့ ဒီကျောင်းသားကို အရေးယူပေးဖိို့ တောင်းဆိုနေကြတဲ့သူတွေလည်း ရှိနေပါ

Sunday, January 12, 2020

( ဇန်နဝါရီ - ၁၂၊ ၂၀၂၀ ) “ ကျုပ်ကို သတ်လိုက်ရင် ကောင်းမယ် “ ပျက်ကျ ယူကရိန်းခရီးသည်လေယာဉ်အား မစ်ဆိုင်းလ်ထိမှန်သွားသည်ဆိုခြင်းကို အီရန်တပ်မတော် ချက်ချင်းသိရှိခဲ့ကြောင်းပေါ်ပေါက်။ အီရန်တွင် ပြင်းထန်သော လူထုကန့်ကွက်ရှုတ်ချပွဲများဖြစ်ပွားရာ ဗြိတိန်သံအမတ်လက်ချက်ဟု အီရန်စွပ်စွဲ =================== တဟီရန်လေကြောင်းကာကွယ်ရေးတပ်မှူးဖြစ်သူက ခရုဇ်မစ်ဆိုင်းလ်ဖြင့် ပစ်ချရန် ၁၀-စက္ကန့်သာအချိန်ယူဆုံးဖြတ်ခဲ့သည့်ပစ်မှတ်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ဖြစ်နေသည်ဆို၏။ ထိုသတင်းပို့ချက်ကို သိရှိရသော အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်၏ တာ၀န်ရှိထိပ်တန်းအရာရှိကြီး ဟာဂျစ်ဇဒါးမှာ “ ကျွန်တော် ချက်ချင်းသေချင်စိတ်ပေါက်သွားတယ် “ ဟု ပြောဆိုကြောင်း Russia Today က ယနေ့ရေးသားသည်။ လုပ်ထုံးလုပ်နည်းအရဆိုလျှင် ရန်သူ့ပစ်မှတ်ဖြစ်၍ ပစ်ခတ်ရန်အတည်ပြုအမိန့်ကို အထက်အရာရှိထံတင်ပြ တောင်းခံရမည်ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်၏ အခြေအနေမှာ ၁၉၇၉-ခုနှစ် အီရန်အစ္စလာမ်မစ် တော်လှန်ရေးဆင်နွှဲစဉ် အမေရိကန်နှင့် ပြင်းထန်သော ပဋိပက္ခဖြစ်ခဲ့ရသည်နှင့်မခြား စစ်ထိုးတိုက်ခိုက်လာမည်ကို နှစ်နိုင်ငံလုံးက အသင့်စောင့်မျှော်နေကြရချိန်ဖြစ်ကြောင်း ဟာဂျစ်က ရှင်းပြသည်။ ၎င်းနေ့နံနက်တွင် အီမန်ခိုမေနီလေယာဉ်ကွင်းမှ အရပ်ဖက်လေယာဉ်များ ဆင်း-တက် မပြုလုပ်ရန် အီရန်စစ်ဖက်၏ တောင်းဆိုချက်ကို လေကြောင်းအာဏာပိုင်များက လစ်လှု့ရှ့ခဲ့သည်။ ထို့ပြင် လေကြောင်းရန်ကာကွယ်ရေးစံနစ်အတွင်း ၀င်ရောက်လာသော ပစ်မှတ်ကို အချိန်မီ လမ်းကြောင်းပြောင်းရန် သို့မဟုတ် နောက်ကြောင်းပြန်လှည့်ရန် အမိန့်ပေးရမည်ဖြစ်ပြီး၊ လိုက်နာခြင်းမရှိလျှင် သတ်မှတ်ထားသည့် အတိုင်း ဆောင်ရွက်ရန် အထက်အမိန့်တောင်းခံရမည်ဖြစ်သည်။ သို့သော်လည်း အသည်းအသန်ရှုတ်ထွေးနေသော ကာလတွင် ထပ်ဆင့်အတည်ပြုချက်ရရှိရန် ခဲယဉ်းသဖြင့် ကာကွယ်ရေးစံနစ်က သတိပေးသည့်အတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဆို၏။ ရုရှားလုပ် TOR-M1 လေကြောင်းရန်ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် မစ်ဆိုင်းလ်စံနစ်သည် ပစ်စင်တစ်ခုတည်းတွင် ရေဒါနှင့် မစ်ဆိုင်းလ်ပူးတွဲထားသည်။ 9M331မစ်ဆိုင်းလ်တို့သည် ပစ်မှတ် ၂-ခုကို တစ်ချိန်တည်း မှာပင် တိကျစွာ ထပ်ချပ် ထိမှန်စေနိုင်သည်။ အရပ်ဖက်လေယာဉ်တိုင်း မိမိတို့၏ လေယာဉ်အမျိုးအစား ပျံသန်းလမ်းကြောင်းတို့ကို စစ်ဖက်ဆိုင်ရာက အလွယ်တကူ ခွဲခြားဖော်ထုတ်သိရှိနိုင်စေမည့် ထရန်စ်ပေါင်ဒါများ တပ်ဆင်ထားကြသည်။ မည်သည့်စစ်ဖက်လေယာဉ်မဆို စစ်ဆင်ရေးကာလတွင် ရန်သူ၏ ရေဒါထောက်လှမ်းခြင်းမှ လွတ်အောင် ပျံသန်းနည်းမျိုးစုံ သုံးတတ်စမြဲဖြစ်သည်။ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစံနစ် ချ ထားပုံမှာလည်း အီမန်ခိုမေနီလေယာဉ်ကွင်းနှင့် အလွန်နီးကပ်ပါသည်။ ယခု ယူကရိန်းလေယာဉ် မစ်ဆိုင်းလ် ထိမှန်ရခြင်းတွင် ၎င်းအချက်များအရ များစွာရှင်းလင်းခြင်းမရှိကြောင်း Telegraph က ဇန်နဝါရီ ၁၀-ရက်နေ့တွင် ရေးသားသည်။ သီအိုရီအရဆိုလျှင် ယူကရိန်း၏ ဘိုရင်း 737-800 သည် အရပ်ဖက်လေယာဉ်ဖြစ်ကြောင်း မည်သည့်ရေဒါစံနစ် မဆို သိရှိနိုင်ပါသည်။ အနောက်နိုင်ငံမီဒီယာများဖော်ပြသည့်အတိုင်း အမှန်ဖြစ်လျှင် ယခုယူကရိန်းခရီးသည် တင်လေယာဉ်မှား ယခင်၀မ်းနည်းစရာဖြစ်ရပ်များနည်းတူ ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟုသာ ကောက်ချက် ချရပါလိမ့်မည်။ အီရန်-အီ ရတ်စစ်ပွဲကာလ ၁၉၈၈ ခုနှစ် ဇူလိုင်လ ပါရှားရေလက်ကြားတင်းမာမှု့ဖြစ်ပွားနေစဉ် တဟီရန် ( အီရန် ) မှ ဒူဘိုင်း ( ယူအေအီး ) သို့ ပျံသန်းလာသည့် Airbus A300 အမျိုးအစား အီရန်ခရီးသည်တင်လေယာဉ် IR 655 မှာ အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ဗင်းဆင့်မှ ပစ်လွှတ်သည့် SM-2 MR မစ်ဆိုင်းလ်ထိမှန်ခဲ့သည်။ အီရန်ရေပြင်ပိုင်နက် ဝေဟင်တွင် ပစ်ချခံရသော ခရီးသည်တင်လေယာဉ်နှင့်အတူ အသက်ဆုံးရှုံးသူ ၂၉၀ -ဦး ရှိခဲ့ကြောင်း CNN က ဖော်ပြသည်။ ထို့အတူ ၂၀၁၄-ခုနှစ် ဇူလိုင်လ အမ်စတာဒမ် (နယ်သာလန်)မှ ကွာလန်လန်ပူ ( မလေးရှား ) သို့ ပျံသန်းလာသည့် Boeing 777-200ER အမျိုးအစား မလေးရှားခရီးသည်တင်လေယာဉ် MH-17 သည် အရှေ့ယူကရိန်းဝေဟင်အရောက်တွင် ရုရှားလုပ် မစ်ဆိုင်းလ် ထိမှန်ပြီး လူပေါင်း ၂၉၈-ဦး အသက်ဆုံးရှံးခဲ့ရသည်။ ၎င်းနှစ်ကြိမ်စလုံးမှာ တမင်ရည်ရွယ်ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည့်တိုင် သက်ဆိုင်ရာ နိုင်ငံတို့က ငြင်းဆန်ကြောင်း Telegraph က ရေးသားပါသည်။ ယခု မိမိတို့ ပစ်လွှတ်ခဲ့သည့် မစ်ဆိုင်းလ်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ထိမှန်သွားပုံရကြောင်း အီရန် အာဏာပိုင်များထံ အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်က ချက်ခြင်းအကြောင်းကြားခဲ့သည်။ သို့သော် ထိုသတင်းမှာ အမျိုးမျိူးထင်ကြေးပေးရေးသားနေသည့် မီဒီယာအရှုတ်အထွေးကြားတွင် လူအများသိမဖြစ်ခဲ့ပဲ ပျက်ကျနေရာ၌ စုံစမ်းစစ်ဆေးမှု့များ ပြုလုပ်ခဲ့ပါသည်။ ယူကရိန်းလေယာဉ် အင်ဂျင်မီးလောင်သဖြင့် ပြန်လှည့်လာစဉ် ပျက်ကျသည်ဟု အီရန်လေကြောင်းအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြောင်း မီဒီယာအချို့၌ ဖော်ပြခြင်းမှာ အမှန်မဟုတ်ပဲ အီရန်စစ်ဖက်နှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်တို့လည်း သတင်းမှောင်ချရန် မကြိုးစားခဲ့ကြောင်း ဟာဂျစ်ဇဒါးက ပြောဆိုသည်။ ဇန်နဝါရီ-၃၊ ၂၀၂၀ နံနက်ဒေသစံတော်ချိန် ၆-နာရီခန့်၌ ယူကရိန်းလေကြောင်းလိုင်း ( UIA ) ပိုင် Boeing 737-800 ခရီးသည်တင်ဂျက်လေယာဉ် ခရီးစဉ်အမှတ် PS 752 သည် အီရန်နိုင်ငံ အီမန်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ရှာဟီရာနှင့် ပါရန်းမြို့တို့ အကြား မြေပြင်သို့ ထိုးကျ ပျက်စီးသွားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် အီရန် ၈၂-ဦး၊ ယူကရိန်း ၁၁-ဦး၊ ဆွီဒင် ၁၀-ဦး၊ ကနေဒါ ၆၃-ဦး၊ အာဖဂန် ၄-ဦး၊ ဂျာမန် ၃-ဦးနှင့် ဗြိတိသျှနိုင်ငံသား ၃-ဦး တို့ အားလုံးအသက်ဆုံးရှုံးခဲ့ရသည်။ မတော်တဆ ပစ်လွှတ်မိသည့် မစ်ဆိုင်းလ်ထိမှန်ခြင်းဖြစ်ကြောင်း အီရန်အစိုးရကြေညာချက်ထွက်ပေါ်လာပြီး နောက် သေဆုံးယူကရိန်းနိုင်ငံသားများ ရုပ်အလောင်းကို ကိယက်ဗ်သို့ အမြန်ဆုံးပြန်ပို့ပေးရန် ယူကရိန်းသမ္မတ ဗိုလိုမြာဇီလင်စကီးက တောင်းဆိုသည်။ ယူကရိန်းနိုင်ငံခြားရေး၀န်ကြီးအား အီရန်သို့စေလွှတ်မည်ဖြစ်ပြီး အီရန်အစိုးရ၏ တရားဥပဒေနည်းလမ်းတကျဆောင်ရွက်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ယူကရိန်းတွင် သေဆုံးသူတို့၏ မိသားစုနှင့် မ်ိတ်ဆွေတို့က ၀မ်းနည်းခြင်းအခန်းအနားနှင့်အတူ ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်သည်။ သေဆုံး ကနေဒါနိုင်ငံသားများအတွက် ၀မ်းနည်းပါကြောင်းနှင့် ကနေဒါ၀န်ကြီးချုပ် ဂျတ်စတင်ထရူးအား အီရန်သမ္မတဟာစန်ရောဟနီက တောင်းပန်လိုက်ပြီး စံနစ်ကျနသော အရေးယူဆောင်ရွက်မှု့များနှင့် ပျက်ကျ ယူကရိန်းခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ်သေတ္တာမှ မှတ်တမ်းတင်အချက်အလက်များကို ဖတ်ရန် ပြင်သစ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း ကတိပြုသည်။ ယူကရိန်းလေယာဉ်ပျက်ရာတွင် သေဆုံး အီရန် ၈၂-ဦးအနက်အများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်သည်။ တဟီရန်မြို့ အမီယာကာဘီတက္ကသိုလ်တွင် ကျောင်းသားများနှင့် ထောင်ချီသော အရပ်သားတို့က စုဝေးကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး အီရန်ဥသျှောင် အယာတိုလာအလီခါမေနီအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုကြသည်ဟု Russia Today က ယမန့်ရေးသားသည်။ ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားရခြင်း တွင် အီရန်နိုင်ငံဆိုင်ရာဗြိတိသျှ သံအမတ်ကြီးက သွေးထိုးညွှန်ကြားခဲ့သဖြင့် ဆင့်ခေါ်စစ်ဆေးလျှက်ရှိ ကြောင်း အီရန် မီဒီယာ Tasnim သတင်းအေဂျင်စီက ဖော်ပြသည်။ မိမိတို့သံအမတ်ကြီးအား ဆင့်ခေါ်စစ်ဆေးသည်ဟုဆိုကာ နာရီပေါင်းများစွာကြာအောင် အီရန်က ထိန်းသိမ်းထားခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဗြိတိန်နိုင်ငံက ကန့်ကွက်သည်ဟု Russia Today က ယနေ့ရေးသားသည်။ ((( Russia Today., 11 Jan, 2020,” ‘I wish I was dead’: Senior IRGC commander accepts responsibility for downing Ukrainian jet, says it was mistaken for missile.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို၍ အခြားဆက်စပ်သတင်းများနှင့် ပေါင်းစပ် ဖော်ပြသည်။ ကိုးကားအချက်အလက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ ))) #ယူကရိန်းခရီးသည်လေယာဉ်အားမစ်ဆိုင်းလ်ထိမှန်သွားခြင်းနောက်ဆက်တွဲဂယက်ရိုက်ခတ်မှု့ https://www.rt.com/news/478011-irgc-accepts-guilt-downing/ https://www.telegraph.co.uk/news/2019/11/14/mh17-probe-releases-new-phone-calls-linking-suspects-russian/ https://edition.cnn.com/2020/01/10/middleeast/iran-air-flight-655-us-military-intl-hnk/index.html https://www.rt.com/news/478037-iran-protests-vigils-plane/ https://www.rt.com/news/478031-rouhani-apologizes-plane-iran-ukraine/ https://www.rt.com/news/478016-iran-black-box-france/ https://www.rt.com/news/478040-uk-ambassador-tehran-protests/ ===== ‘I wish I was dead’: Senior IRGC commander accepts responsibility for downing Ukrainian jet, says it was mistaken for missile 11 Jan, 2020 10:13 / Updated 12 hours ago. A top Islamic Revolutionary Guard Corps (IRGC) officer has revealed that the Ukrainian jet was mistaken for an incoming cruise missile and that the commander of the anti-aircraft unit had only 10 seconds to make the decision. “After hearing about the crash of the Ukrainian plane, I wished to die”, Hajizadeh said during a press conference on Saturday. The commander explained that the incident had occurred as the country was bracing for potential US strikes and that the “likelihood of conflict” between the two nations has been “unprecedented” since the Islamic Revolution of 1979. According to an early assessment, the Ukrainian plane was erroneously identified as an incoming cruise missile, which resulted in the tragedy. Air-defense units received a warning that cruise missiles had been fired at the country and stayed on high alert at the time of the incident, Hajizadeh stated. The commander of the anti-aircraft unit had sought confirmation for the launch from his superiors, but experienced communication problems and had to make the decision –which turned out to be wrong– on his own. The officer only had 10 seconds to make the decision, Hajizadeh added. Hajizadeh stated that the IRGC notified the authorities that it had likely hit the plane back right after the incident, yet this information was not disclosed to the public while the crash site was being investigated. Neither IRGC nor the country’s military sought to hide the incident, the due procedure was to be followed, he explained.