Friday, February 28, 2020

နိုင်ငံခြားသားအချို့ မြန်မာမိန်းကလေးများကို အဓိကပစ်မှတ်ထား လိမ်လည်မှုများကျူးလွန်နေ

မနေ့တည်းက တင်မယ် ဆိုပြီး ရည်ရွယ်ထားတဲ့ ပိပိရိရိလာလိမ်တဲ့ကိစ္စလေး အခုမှအားလို့တင်ပါပြီရှင့်။

လွန်ခဲ့တဲ့ တနလာင်္န့ မနက်8နာရီခွဲလောက်က စပယ့်ကို နိုင်ငံခြားသားတစ်ယောက်လာ Addတယ်။

မင်နရယ်fri မရှိပေမယ့် သူ့profileကယူနီဖောင်းနဲ့ဆိုတော့ လက်ခံဖြစ်လိုက်ပါတယ်ရှင့်။


ခဏကြာတော့ သူ့ဘက်ကမိတ်ဆက်လာပါတယ်။

သူ ကလန်ဒန်မှာနေကြောင်း သူ့အမေရဲ့မိခင်ကမြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သူ့အကြောင်းတွေပြောပြလာပါတယ်။



မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေနဲ့ထုံးလမ်းစဉ်လာတွေနှစ်ခြိုက်ကြောင်း မြန်မာနိုင်ငံရဲ့နေရာတော်တော်များများကို လည်ပတ်ရတာ သဘောကြကြောင်းတွေပြောပြလာပါတယ်။

ပထမအပိုင်းကတော့ သူ ့ဘာသာစကားနဲ့ပဲသူပြောနေတာပါ။

နောက်ပိုင်းကြတော့ သူက လေယာဉ်မှူးအလုပ်လုပ်ကြောင်း နောက်နှစ်လနေရင် ခွင့်နှစ်ပတ်ရလို့မြန်မာနိုင်ငံလာလည်ချင်ကြောင်းတွေပါထပ်ပြောလာပါတယ်။









တဖြည်းဖြည်းနဲ့မိတ်ဆက်ကြရင်း သူက စပယ့်ကိုမြင်မြင်ခြင်းသဘောကြကြောင်း မြန်မာနိုင်ငံကိုလာရင် တစ်ခါတည်း မိဘတွေဆီကိုလာပြောပြီးလက်ထပ်ချင်ပါတယ်လို့အထိပြောလာတော့ စပယ်က ကိုယ့်အကြောင်းသူ့အကြောင်း မသိကြပဲ မဖြစ်နိုင်ဘူးပေါ့ ။

အချစ်ဆိုတာလည်း အာ့လောက်မလွယ်ပါဘူးပေါ့။

ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးပဲ ယုံကြည်ဖို့ကအရမ်းခက်ခဲပါတယ်ပေါ့ဆိုတော့ သူ့ဘက်က v callခေါ်လာပါတယ်။

သူအပြင်သွားနေတဲ့ပုံစံနဲ့ပါ။

ပြီးတော့ သူ့v callခေါ်တဲ့ ရုပ်ကလည်း profileမှာတင်ထားတဲ့ ဓာတ်ပုံနဲ့ထပ်တူပါပဲရှင့်။

နောက်ရက်တွေလည်း သူ v callခေါ်ရင် အပြင်သွားတဲ့ပုံစံနဲ့ပဲ။

နောက်ရက်တွေ သူ အဖြေလာတောင်းတော့ စပယ်ကအပြင်မှာမတွေဖူးတော့ မယုံနိုင်သေးဘူးလို့တော့ပြန်ပြောမိတယ်။

ဒီလိုနဲ့အင်္ဂါနေ့25ရက်နေ့ညနေကြတော့ သူက မင်းယုံကြည်အောင်သက်သေပြမယ်။ မင်းနဲ့မြန်မာပြည်လာပြီးလက်ထပ်ချင်တယ် တစ်ဘဝလုံးသစ္စာရှိရှိနဲ့ မင်းကိုစောင့်ရှောက်ပေးချင်တယ်လို့ထပ်ပြောတယ်။

သူ့လစာက လေယာဉ်မှူးဆိုတော့ တစ်လ ဒေါ်လာ 21000ရတယ်လို့ပြောပြီး စပယ့်လစာဘယ်လောက်ရလဲဆိုတာပါမေးလာတယ်။

စပယ်ကတော့ အမှန်အတိုင်း မြန်မာငွေနဲ့ဆိုသုံးသိန်းကျော်၊မင်းတို့ဒေါ်လာနဲ့ဆို နှစ်ရာကျော်လောက်ပဲရတာလို့ ငါတို့ကအရမ်းဆင်းရဲတာလို့ပါပြောပြခဲ့တယ်။

အဲ့ဒီအချိန်မှာသူက မင်းဘဝကိုပြောင်းလဲပေးချင်ကြောင်း၊ အရမ်းအံသြပြီးပျော်ရွင်သွားအောင်လုပ်ပေးချင်ကြောင်းပါပြောပြီး၊ စပယ့်ကိုလက်ဆောင်ပေးမယ် စပယ်ယုံကြည်လက်ခံနိုင်အောင်ကြိုးစားမယ်ဆိုပြီး စပယ့်ကိုလက်ဆောင်ပေးမယ့်ပုံစံတွေကို v callခေါ်ပြီးပြပါတယ်။

သူ shopping ထွက်နေတဲ့ ပုံစံမျိုး videoတွေလည်း စပယ့်ကိုပို့ပေးပါတယ်။

ပြီးတော့ ဝယ်ပြီးတဲ့ လက်ဆောင် တွေကိုလည်း ဓာတ်ပုံရိုက်ပို့ပေးပာတယ်။

သူ့ဓာတ်ပုံတွေထဲမှာတော့ အိုင်ဖုန်းတစ်လုံးရယ်၊ လက်ကိုင်အိတ်နှစ်လုံးရယ် ဆွဲကြိုးလေးတစ်ကုံးရယ် ၊ ကျောက်စိမ်း1setရယ် ၊မိန်းမလက်ပတ်နာရီတစ်လုံးရယ်ဓာတ်ပုံရိုက်ပြီး ပို့ပေးလာပါတယ်။

ပြီးတော့ မင်းဒီ့ထပ် သက်တောင့်သက်သာနေနိုင်အောင် ငါဒေါ်လာတစ်သောင်းခွဲပါထည့်ပေးလိုက်မယ်ဆိုပြီး သူ ပစ္စည်းတွေထည့်ပြီး ပါဆယ်ထုတ်ပြီး Delivery ကုမ္မဏီအပ်ဖို့တွေလုပ်နေသလိုပုံစံတွေလုပ်ပါပါတယ်။
စပယ့်ဆီကလည်း နာမည်အရင်း၊ ဖုန်းနံပါတ် ၊ အိမ်လိပ်စာတွေတောင်းလာပါတယ်။

စပယ်က နာမည်အရင်းနဲ့ဖုန်းနံပါတ်အမှန်တော့ပေးလိုက်ပါတယ်။

လိပ်စာကတော့ အလွဲပါ။

သူက Delivery သွားအပ်ပြီးဖြစ်ကြောင်း အာ့ကုမ္မဏီက မန်နေဂျာနဲ့စကားပြောနေတဲ့ပုံပါပို့လာတာပါ။
ပြီးတော့ Delivery ပို့မယ့်ပစ္စည်းကို ချိန်တွယ်နေတဲ့ပုံစံပုံတေ၊ပြီးတော့စပယ့်နာမည်နဲ့ထွက်လာတဲ့ပြေစာပါစပယ့်ကိုပို့ပေးပါတယ်။

အာ့ဒီအချိန်မှာ စပယ့်စိတ်အခြေအနေက အရမ်းကိုအံသြပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါပြီ။










တစ်ဖက်မှာလည်း သူကအတိအကျကြီးလုပ်ပြနေသလိုစပယ့်စိတ်ထဲမှာလည်း ဒီပစ္စည်းတွေသာ တကယ် ရခဲ့ရင် သူထည့်ပေးလိုက်တဲ့ဒေါ်လာတစ်သောင်းခွဲနဲ့ဆို သိန်းရာချီတန်နေပြီလေ ဆိုပြီး စိတ်လှူပ်ရှားတာရော မယုံကြည်နိုင်တာရော တစ်ခုခုများပြန်ပေးဆပ်ခိုင်းမလားဆိုပြီး ကြောက်တာရော ခံစားချက်တွေရောထွေးပြီး တကယ်ကိုလူက တုန်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေပါပြီ။

စပယ် အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ဒီနိုင်ငံခြားသားက လိမ်နေတာလား တကယ်ပြောနေတာလားသိရအောင် စပယ့်ရဲ့ဆုံးဖြတ်ချက်နဲ့မလုံလောက်နိုင်တော့လို့ cbကနေ စပယ်ခင်ရတဲ့အစ်ကိုတွေ အစ်မတွေကို အကူအညီတောင်းခဲ့ပါတယ်။ စပယ်ကြိတ်မလုပ်ခဲ့ပါဘူး ။

အစ်မတွေကတော့ စပယ်ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ပါဆယ်ရောက်လာမယ့်နေ့ကို စောင့်ကြည့်ဖို့အကြံပေးခဲ့ပါတယ်။သတိထားဖို့ လည်း ထပ်သတိပေးခဲ့ပါတယ်။မမမြတ်စုနဲ့ မမshin shinကျေးဇူးပါ။

အစ်ကိုတွေကတော့ သေချာပေါက်လိမ်တာလို့ပြောခဲ့ပါတယ်။
ကိုကြီး နေလင်းထွန်း၊ ကိုကြီးဝင်းမြင့်အောင်အထူးကျေးဇူးပါရှင်။

ကိုကြီးနေလင်းထွန်းကဆို နိုင်ငံခြားသားတွေ လိမ်တတ်တဲ့ videoဖိုင်တွေနဲ့ ဓာတ်ပုံတွေပါရှာပေးခဲ့တာပါ။ စပယ်ဘာမှမပါသွားတာသူတို့တွေကျေးဇူးကြောင့်ပါရှင်။

နိုင်ငံခြားသားလိမ်တာကိုဆက်ပြောပါ့မယ်နော်။

သူ စပယ့်ကို လက်ဆောင်ပစ္စည်းတွေ Deliveryကုမ္မဏီ အပ်ပြီးကြောင်း ၊ညနေထွက်မယ့်လေယာဉ်နဲ့ပါလာမည်ဖြစ်ကြောင်း။ မနက်ဖြန်လေယာဉ်ဆိုက်လျှင် သူအပ်ထားတဲ့ Deliveryကုမ္မဏီမှ သွားရွေးလာပြီး စပယ့်ဆီအရောက်ပို့ပေးမည်ဖြစ်ကြောင်းသူပြောခဲ့ပါတယ်။

စပယ်က သူတို့လာပို့ပေးရင် ငါပိုက်ဆံပေးရဦးမှာလားဆိုတော့

သူက ဒေါ်လာ500ပေးရမည်ဟုပြန်ပြောခဲ့တယ်။

စပယ်က ငါ့မှာ သူတို့လာပို့ပေးရင် ပေးဖို့ဒေါ်လာ500ပေးဖို့မရှိဘူးပြောတော့ သူက စိတ်မပူပါနဲ့ ငါပါဆယ်ပို့လိုက်တဲ့ထဲကယူပေးလိုက်လေ အာ့ထဲမှာငါ ဒေါ်လာ1သောင်းခွဲထည့်ပေးထားတယ်ဟုပြန်ပြောခဲ့တယ် ဗုဒ္ဓဟူးညအထိ သူ ဒီလိုချည်းပြောခဲ့တာပါရှင့်။မနက်ဖြန် လေယာဉ်ဆက်ရင် Deliveryလာပို့ပေးရင် သူ့ကိုအသိပေးဖို့ ထပ်ပြောပြီး သူ လိုင်းဆင်းသွားခဲ့တာပါ။

အာ့လိုနဲ့ ကြာသာပတေးနေ့မနက် 8နာရီကျော်တော့ သူပြောတဲ့Deliveryကုမဏီက ဖုန်းဆက်လာတယ် တယ်လီနောနံပါတ်နဲ့ပါ။

ဟဲလိုမစံပယ်သင်းလားအစ်မကို လန်ဒန် လစ်ဗာပူးမြို့ကနေ ပို့ထားတဲ့ ပါဆယ်ပါတဲ့လေယာဉ်ဆိုက်ပါပြီရှင့် စပယ်ပေးထားတဲ့လိပ်စာ အတိုင်းပို့ပေးရမှာလားလို့မေးလာပါတယ်။

စပယ်ကလည်း ဟုတ်တယ်ညီမလေး ပို့ပေးလေဆိုတော့

အာ့ဆို အစ်မပါဆယ်ကို တင်ဆောင်လာတဲ့ ဝန်ဆောင်ခတွေကို ကျွန်မတို့ကရှင်းပြီးမှပါဆယ်ရွေးရမှာဆိုတော့ အစ်မတို့က ဒေါ်လာ550ကြိုသွင်းပေးပါရှင်တဲ့

အာ့ဒီကတည်းက စလွဲတာနော် တစ်လျှောက်လုံးက နိုင်ငံခြားသားက သူပို့ပေးလိုက်တဲ့ဒေါ်လာတစ်သောင်းခွဲတည်းကပဲထုတ်ရှင်းခိုင်းတာ။

စပယ်ကလည်း ဖုန်းဆက်တဲ့အစ်မကို

အစ်မခုရမယ့်ပါဆယ်က အစ်မကို လက်ဆောင်ပေးတာ ဝန်တောင်ခတွေကိုလည်း ဟိုဘက်ကုမဏီက ဝန်ဆောင်ခကိုသူရှင်းပြီးတင်ပေးလိုက်တာ။ ဒီဘက်က ဝန်ဆောင်ခကိုလည်း အစ်မက ပါဆယ်လာပို့မှပစ္စည်းစစ်ပြီးပေးမှာလေ လို့ပြောလိုက်တော့သူက အစ်မကြိုသွင်းပေးမှပစ္စည်းထုတ်လို့ရမှာလို့ပြန်ပြောပါတယ်။

စပယ်က ပိုက်ဆံကြိုရှင်းပေးမှ ရမှာဆို အစ်မမယူတော့ဘူး ။ဆိုပြီးဖုန်းချလိုက်ပါတယ်။

ဒီလိုလွဲနေတာကို နိုင်ငံခြားသားကို အသိပေးဖို့လိုင်းဖွင့်တော့သူလည်းရှိနေတာနဲ့စပယ်အကုန်ပြောပြလိုက်တော့

သူက မနေ့ကလို ပါဆယ် ထုတ်ထဲက ယူပေးဖို့မပြောတော့ပဲ ဒေါ်လာ550ကြိုရှင်းပေးဖို့ တိုက်တွန်းပါတယ် မရှိလဲ ချေးငှါးပြီးရွေးပေးပါလို့အတင်းအကျပ်တွေပြောတော့ စပယ်လည်း နင်ကလူလိမ်ပဲ Delivery ဆိုပြီးဆက်တဲ့ ကောင်မလေးနဲ့ပေါင်းပြီး ငါ့ဆီက 550လိမ်နေတာလား မေးတော့ စပယ့်ကိုunသွားပါတယ် နောက်ဆုံးချိန်ထိတော့ သူမလိမ်ဘူး ဆိုပြီး ညာပြောသွားတာပါ။ မနေ့ကညအထိ v callခေါ်ပြီး ပါဆယ်ရွေးဖို့တိုက်တွန်းနေတုန်းပါ။

စပယ်က သူလိမ်နေမှန်း သိတာတောင် ဘာလို့မblockတာလဲဆိုတောစပယ့်Acc က officialဆိုတော့ သူ့အကြောင်း postတင်လားမတင်လား စောင့်ကြည့်နေတယ်လို့ထင်ပါတယ်။

Delivery ကုမ္မဏီဆိုပြီးဆက်တဲ့အစ်မကို သူတို့ကုမ္မဏီရဲ့တည်နေရာ ကိုမေးတော့လည်း နေပြည်တော်လယ်ဝေးဆိုပြီးပြောတော့ စပယ်က အစ်မတို့Deliveryက ရန်ကုန်လို အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့ အချက်အချာကျတဲ့နေရာမှာမဖွင့်တာလဲမေးမိတော့ စပယ့်ကိုခေတ်နောက်ပြန်ဆွဲတဲ့အတွေးအခေါ်ရှိတယ်ရှိတဲ့လူ နင့်ဆီကရမှထမင်းစားရမှာ မဟုတ်ဘူး ဘာညာဆိုပြီးဆဲပါတယ်။ စပယ်က အစ်မနိုင်ငံခြားသားနဲ့ပေါင်းပြီး လိမ်စားနေတာလားလို့စပယ့်ကိုလာဆဲတာလား အာ့ဆိုရင် နောက်လူတွေမခံရအောင် ဆိုက်ဘာရဲနဲ့တိုင်မည် postတင်မည်ဆိုနော့ သူ့ဘက်ကဆဲဆိုပြီး ဖုန်းအရင်ချသွားပါတယ်ရှင့် ။ ခု စပယ့်သူငယ်ချင်းတွေဆက်ကြည့်တော့ စက်ပါပိတ်သွားပါတယ်ရှင့်။

စပယ်ခုလိုစာ အရှည်ကြီးရေးပြတာဟာ စပယ်လိုများ ယုတ္တိရှိရှိအလိမ်ခံရရင် ရှောင်နိုင်ဖို့ပါ။

သိန်းရာချီဆိုတော့ မက်လောက်စရာလည်း ဖြစ်နေတာမို့ သတိလက်လွတ် ငွေကြိုလွဲမိပြီးအလိမ်ခံရတာမျိုးဖြစ်နိုင်တာမို့ရှောင်ရှားနိုင်စေရန် ရေးပါသည် အစ်မတို ညီမတို့ရေ လူလိမ်ဆိုတာ စာတန်းကပ်မထားနိုင်တာမို့ သတိပြုနိုင်ပါစေနော်။

Tuesday, February 4, 2020

မန်းလေးတွင် ဗကသ ကျောင်းသူတစ်ဦးက ဆရားမကိုကျောင်းထဲကနင်ထုတ်ပြီး ကျောင်းကိုသိမ်းပိုက်မည်ဟုဆို

ပညာရေး စံနစ်ကို အလိုမကျမှု​​တွေ​ဖြစ်နေတဲ့
ဗကသ ကျောင်းသားများဟာ ကျောင်းတွေအထဲထိ ဝင်ရောက် ဆန္ဒ ပြနေကြတာဖြစ်ပါတယ်
ကျောင်းသာတစ်ဦးဟာဆိိုရင် ကျောင်းဆရာမကို ကျောင်းအတွင်းမှ နင်းထုတ်ပြီး ရင့်သီးစွာပြောဆိုးခဲ့မှုကြောင့် လူမှုကွန်ယက်အသုံးပြုသူများကြာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်
ဗီဒီယို ကြည့်ရန်https://youtu.be/r_BNSOI9ygs
https://youtu.be/r_BNSOI9ygs